Audio Cutting

ကျနော် ကြိုက်တဲ့ ဆော့်ဝဲလေး တစ်ခုတွေ့ထားတယ်။ လွယ်တယ်၊ file type စုံတယ်၊ ပေါ့ပါးတယ်။ Audio Cutter ကို ဘာလုပ်ဖို့ သုံးမှာလဲ မသိသေးတဲ့သူတွေအတွက် နည်းနည်းပြောပြမယ်နော်။ ၀င်းဒိုး အတက်၊အကျ၊ နဲ့ အသံမျိုးစုံကို မိမိကြိုက်တဲ့သီချင်း (သို့) စကားပြောသံတစ်ခုခုနဲ့ အစားထိုးလို့ ရသွားမယ်လေ။ ဥပမာ - ၀င်းဒိုးတက်လာရင် တဒေါင်ဒေါင်နဲ့မြည်တဲ့နေရာမှာ ကိုးရီးယားမင်းသမီး အသံလေးဆိုရင်ရော .. ။ အများကြီးလုပ်လို့ရပါသေးတယ်။ Gtalk ရဲ့အသံတွေကိုရောပေါ့ (Gtalk ခေါ်သံတွေပြောင်းတာ မသိသေးရင် နောက်ပို့စ်မှာ ရေးပေးပါ့မယ်)။ ပြီးတော့ အခုတောင်းသလို Phone Ring Tone ။ စိတ်ဝင်စားမယ်ထင်ပါတယ်။ စမ်းလုပ်ကြည့်ကြတာပေါ့။


run လိုက်ဗျာ သုံးမျိုးပါလိမ့်မယ်။ Converter, Cutter, Recorder ပေါ့။ အဲဒီမှာ Converter ကို ဖွင့်ဖို့ ကီးတောင်းလိမ့်မယ်။ ကီးဂျန်ထဲက ကူးထည့်ပေးလိုက်။
Cutter ကိုပဲဖွင့် step 1 အနေနဲ့ Select a file ဆိုတာကို တွေ့လိမ့်မယ်။ Browse ကို နှိပ်ပြီး မိမိ edit လုပ်ချင်တဲ့ ဖိုင်ရှိတဲ့နေရာကို ရွေးပေး။ အဲဒီမှာ ကိုယ်ရွေးမယ့်ဖိုင်က mp3 ဆိုရင် file type မှာ mp3 ရွေးပေးထားမှ ပေါ်မှာဖြစ်ပါတယ်။ (မမြင်မှာစိုးလို့ ပြောရတာပါ)

step 2 က output format ရွေးပေးပေါ့။ windows sound အတွက်နဲ့ Gtalk အတွက်က wav ဖိုင် ဖြစ်ရပါမယ်။ ဖုန်းအတွက်ဆိုရင်တော့ ကိုယ့်ဖုန်းနဲ့ အသင့်တော်ဆုံး ကိုရွေးပေါ့။

step 3 က နေရာသတ်မှတ်ပေးပေါ့။ စမှတ် ဆုံးမှတ်တွေကို တွေ့ပါလိမ့်မယ်။ ဘယ်နားကနေ ဘယ်နားထိ ဖြတ်မလဲပေါ့။ သူ့အောက်မှာ အစမ်းနားထောင်ကြည့်ဖို့အတွက် play ခလုပ်ပါပါတယ်။

စိတ်ကြိုက်ဖြစ်ပြီဆိုရင် Cut ကိုသာနှိပ်ပေးလိုက်ပါ။ ခဏလေးပဲကြာပြီး ဖြတ်ပြီးသားဖိုင် ရှိတဲ့ ၀င်းဒိုး ပွင့်လာပါလိမ့်မယ်။

Recorder နဲ့ Converter တွေအတွက်တော့ ပြောစရာလိုတော့မယ် မထင်ပါဘူး။ သုံးတတ်မှာပါ။ ၀င်းဒိုးအသံကို မပြောင်းတတ်သေးတဲ့သူတွေ ရှိမယ်ထင်တယ်။ Control Panel ထဲသွား၊ Sound and Audio Devices ဆိုတာကိုနှိပ်ပြီး သူ့ရဲ့ Sound ဆိုတဲ့ tab မှာ ကြည့်လိုက်ပါ။ ၀င်းဒိုးရဲ့အသံတွေကို အောက်ကအတိုင်း တွေ့လိမ့်မယ်။ ၀င်းဒိုး စတက်တဲ့အသံက Windows Start ပေါ့။ လက်ရှိသုံးထားတဲ့အသံကို စမ်းနားထောင်ကြည့်၊ ပြောင်းချင်တယ်ဆိုရင် Browse ကိုနှိပ်ပြီး ခုနက ဖြတ်ထားတာကို ရွေးပေးလိုက်။ ကျန်တာတွေကိုလည်း ဘယ်ကောင်က ဘာဆိုတာ မသိရင်တောင် အသံတွေ လိုက်နားထောင်ကြည့်ပြီး ပြောင်းပေါ့။ (အများကြီးပြောနေရမှာစိုးလို့ လွယ်သလိုပြောလိုက်တာပါ)

Link: Download Mirror : Mediafire (Ease Audio V-3.7)
အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။