Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

GTalk မှာ Webcam နဲ.စကားပြောနိုင်ပြီ။



Googleကတော့ထပ်လုပ်ချပြန်ပြီ။Gmail မှာVideo ရတုန်းကတော့သုံးရတာအဆင်မပြေဘူး။
လုပ်ရတာရှုပ်တယ်။အခုရေလည်မိုက်တယ်။Gmail မှာသုံးရတာအဆင်မပြေတဲ့လူအတွက်
Gtalk ကနေသုံးလို.ရနေပါပြီ။ဒါပေမယ့်မိမိသုံးနေကျ Gtalk Software နဲ.သုံးလို.မရပါဘူး။
Video GTalk Software ကိုပေးထာတဲ့ Website မှာ Download ဆွဲရပါလိမ့်မယ်။
Website ရဲ. Link ကိုတော့အောင်မှာပေးထာပါတယ်။အသံလဲကြည်တယ်။
ရုပ်လဲပြတ်သားတယ်(ဟဲ...ဟဲ Connection ကောင်းရင်ပြောတာနော်)။
Vzo Chat ကိုသုံးနေတဲ့လူတွေအတွက်သတင်းကောင်းပါ။

Link : ဒီနေရာမှကလစ်နှိပ်ပြီး Download လုပ်ပါ။
Posted on 10:16 PM by SAINATKHA and filed under | 0 Comments »

Gtalk တခုထက်မကပိုဖွင့်ရအောင်



Gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ဥပမာမိမိမှာAccount
နှစ်ခုရှိခဲ့ရင်၊အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။

1.Gtalk icon ပေါ် right click/properties ကိုသွားပါ။
2.gtalk properties dialog box မှ shortcut ကိုသွားပါ။
3.Target box မှာ"C:\Program Files\Google\Google Talk\googletalk.exe"/startmenu
ဒီစာသားကိုတွေ.ပါလိမ့်မည်။
4.startmenu ဆိုတဲ့စာသား(အနီရောင်ပြထားသောစာ)ကိုဖျက်ပါ။
5.ထိုစာသာနေရာတွင် nomutex ကိုထည့်ပါ။
6.Ok နှိပ်ပေးပါ။
လိုသလောက်ကိုကလစ်နှိပ်ပြီး ကြိုက်သလောက်ခေါ်နိုင်ပါသည်။

Posted on 9:36 PM by SAINATKHA and filed under | 0 Comments »

မိမိGmail Addressရဲ. နာမည်ကိုမကျန်ခဲ့စေအောင်



ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများ
ပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်
ခဲ့စေအောင်သုံးတဲ့နည်းလေပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk
ဝင်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့
စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။(သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။ထို Folder ၅ခုမှ ဒုတိယမြောက်
HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။List ကျလာပါလိမ့်မည်။

၎။Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။List ကျလာပါလိမ့်မည်။

၅။Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။List ကျလာပါလိမ့်မည်။

၆။Google Talk ကိုရှာပါ။တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။List ကျလာပါလိမ့်မည်။

၇။Account နှိပ်ပါ။Gmail Address များကိုတွေ.ရပါလိမ့်မည်။အကယ်လို.မိမိ Gtalk ၀င်ခဲ့
တယ်ဆိုရင်တော့မိမိGmail Addressနာမည်ပေါ်နေပါလိမ့်မည်။ဖျက်လိုပါက မိမိနာမည်
ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။Name/Type/Data တို.အောက်ကျန်
ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။

Posted on 6:53 AM by SAINATKHA and filed under | 0 Comments »

Gtalk မှာကိုယ့်ကို Block လုပ်ထားလား?


ဒီတစ်ခါ ကိုယ့်ကို မကျေနပ်လို့ block ပေးထားတာကို သိအောင်လုပ်တဲ့ နည်းလေးပါ
ဘာကြောင့်ပဲ Block Block ပေါ့ ..ဘယ်ရမလဲ ….ဒါနည်းနဲ့ ဖမ်းပစ်မယ်ကိုယ့် ID ကို
တခြားလူတစ်ယောက်က Block ပေးထားတာကို သိအောင် ဘယ်လိုလုပ်မလဲ ဆိုရင်
အဲဒါကို သိချင်တယ်ဆိုရင်တော့ ဒီလိုလုပ်ရင် သိနိုင်ပါတယ် ခင်ဗျာ

ကိုယ်သိလိုတဲ့ ID ကို Chat box ထုတ်လိုက်ပါ …ပြီးရင် Voice ခေါ်လိုက်ပါ …
Offline ဖြစ်နေတာဆိုတော့ … Send Voicemail လို့ပဲ ပေါ်မယ်အဲဒီမှာ ခေါ်လိုက်ရင်
ဘယ်လိုဖြစ်တယ်ဆိုတာကိုကြည့်ပြီး Block ထားတယ် မ Block ထားဘူး …
အဲဒါလေးတွေကို သိနိုင်ပါတယ် ခင်ဗျာ

တကယ်လို့ ခေါ်လိုက်လို့ ခေါ်လို့ရတယ် အဲဒီမှာ မိန်းကလေး အသံနဲ့ . The best
… ဆိုလား ..ဘာလားပဲ ..မသိဘူးဗျာ အဲဒီလိုလေး ပြန်ပြောတယ် ခေါ်လို့ရတယ်ပေါ့ …
ဒီလို အခြေအနေမျိုးမှာဆိုရင်တော့ ဒါ ကိုယ့် ID ကို သူများက Block ထားခြင်း မရှိပါဘူး …
တကယ်ကို Offline ဖြစ်နေတာပါ ….သေချာတယ် ….. တကယ်လို့ ခေါ်လို့မရဘူး …
Send Voicemail ကို နှိပ်လိုက်ရင် …ခေါ်လိုက်ရင် ကျကျသွားတယ် … ခေါ်တာနဲ့ ကျတာပဲ
အဲဒါဆိုရင်တော့ သေချာတယ် ….ကိုယ့် ID ကို Block ထားပါပြီ … သွားချဲလိုက်တော့ …
(အနော်...မပါဘူးနော် )

Posted on 10:07 PM by SAINATKHA and filed under | 1 Comments »

Gtalk မှာ Offline ဖြစ်အောင်ပြုလုပ်နည်း။



Google Talk ကို ယခုနောက်ပိုင်း ဂျီမေးလ်ကနေ သုံးလို့ရလာပါတယ်။ အဲ့ဒီလို သုံးတဲ့အခါမှာ Invisible ဆိုတဲ့ Function တစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ Status ကို Invisible လုပ်ထားရင် ကိုယ့်ကို ဂျီတော့မှာ သူများက offline အနေနဲ့ပဲတွေ့နေရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ ဂျီမေးလ် ရဲ့ Google Talk ကလေးကနေပြီးတော့ သူများတွေကို online ဖြစ်နေလား offline ဖြစ်နေလား ဆိုတာကို တွေ့နေရပါတယ်။

အကယ်၍ စာဖတ်သူဟာ ကိုယ့်ရဲ့ GTalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါဗျာ။

(၁) Google Talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄) blahblahblah@gmail.com is offline and can’t receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။ သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို Chat section မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Posted on 10:04 AM by SAINATKHA and filed under | 0 Comments »

Gtalk ကနေ Worldwide ဖုန်းသရဲလုပ်ကြရအောင်




ပိုက်ဆံတွေ ကုန်သွားမှာပေါ့... အလကားရပါ့မလား ဆိုတဲ့မေးခွန်းတွေအတွက်တော့
ဒါလား... လွယ်ပါတယ်...
Tring Me! မှာ Gmail Account နဲ့ Sign Up လုပ်လိုက်ပါ..(ဒီနေရာမှနှိပ်ပါ)
ဘာမှဖြည့်စရာ မလိုပါဘူး... သင့်အတွက် နာမည်တစ်ခုရယ်.. သင့်မေးလ်လိပ်စာလေးပဲ ထည့်လိုက်ရုံပါပဲ...
ပြီးရင် သူတို့ဆီကနေ သင့် Mail ဆီကို အကောင့်ကိုပြုလုပ်ပြီးဖြစ်ကြောင်းနဲ့ Login အတွက် သင်သုံးရမယ့် Password တစ်ခုကို ပို့ပေးပါလိမ့်မယ်...
ဒါဆိုရင်တော့ ပြီးပြီပေါ့....

ကျန်တာကတော့ သင့်ရဲ့ Gtalk ကို ဖွင့်လိုက်ပါ.. (စောစောက အကောင့်လုပ်ထားတဲ့ Gmail လိပ်စာဖြစ်ဖို့တော့ လိုမယ်နော်...)
နောက်ပြီးရင်တော့ tringme@gmail.com ကို Invite လုပ်လိုက်ပါ.. စက္ကန့်ပိုင်းအတွင်းမှာ သင့်ကို Add လုပ်ပါလိမ့်မယ်..
ကဲ.....
ဖုန်းသရဲလုပ်လို့ရပါပြီ..... Online မှာ မီးစိမ်းလေးနဲ့ ပြနေမယ့် TringMe Account က သင့် Gtalk Friend list မှာ ပေါ်နေပြီပေါ့...
TringMe ကို Gtalk ကနေ ပုံမှန် Chat နေကြပုံစံနဲ့ပဲ .. Double Click လိုက်ပါ...
ပြီးရင်တော့ သင်စာရိုက်တဲ့နေရာမှာပဲ...
Call ကို ရိုက်ထည့်လိုက်ရင်.. သင့်ကို TringMe ကနေ Auto ငုတ်တုတ် Gtalk ကနေပဲ Voice Chat ပြန်ခေါ်ပါလိမ့်မယ်...
Answer နှိပ်လိုက်တာနဲ့ သင်ရိုက်ထည့်ထားတဲ့ ဖုန်းနံပါတ်ကို TringMe က စခေါ်နေပါပြီ...
တကယ်လို့ သင်ဆက်လိုက်တဲ့ဖုန်းနံပါတ်ပိုင်ရှင်က ဟိုဘက်ကနေ လာကိုင်လိုက်တာနဲ့ ဖုန်းကပြန်ကျသွားပါမယ်..
ဒါကတော့ ပိုက်ဆံပေးရတဲ့အပိုင်းဖြစ်သွားပါပြီ... ဖုန်းကို ခေါ်ဆိုရုံပဲလုပ်တဲ့အတွက်.. ဖုန်းသရဲလုပ်ဖို့တော့ အဆင်ပြေပါတယ်... BigGrin
ကိုယ့်ဖုန်းနဲ့လည်း ကိုယ့်ဘာသာစမ်းသပ်နိုင်ပါတယ်... (Toll မတက်... Totally Free ဖြစ်ပါတယ်..)

တစ်ခုအရေးကြီးတာကတော့ Call နောက်က ဖုန်းနံပါတ်ကတော့ နိုင်ငံကုဒ်တွေပါ ထည့်သွင်းပေးဖို့ပါ..
ဘယ်တွေကို ခေါ်လို့ရသလဲဆိုရင် .. တစ်ကမ္ဘာလုံးက ဖုန်းတွေကို ဖုန်းခေါ်လို့ရပါတယ်..
e.g.,
ရန်ကုန်ကိုခေါ်မယ်ဆိုရင်... Call 951xxxxxx ကို ထည့်ရိုက်လိုက်ရုံပါပဲ... ( 987654 ဆိုရင် Call 951987654 )
မန္တလေးဆိုရင်တော့ .. Call 952xxxxx စသဖြင့်ပေါ့... (12345 ဆိုရင် Call 95212345 )
GSM လား... Call 9595xxxxxx (09 500 1234 ဆိုရင် Call 9595001234 )
CDMA လိုချင်သေးလား.. Call 9598xxxxxx (09 80 11111 ဆိုရင် Call 9598011111 )
* x represents 1 digit.

သင်နှောင့်ချင်တာက အင်္ဂလန်ကလား...
Landline နံပါတ်တွေဖြစ်တဲ့ ဥပမာ 02012345678 ဆိုရင်.. Call 442012345678 ပေါ့နော့်...

စင်္ကာပူလား.. ရတယ်လေ...
Mobile ဖြစ်တဲ့ ဥပမာ 091234567 ဆိုရင်.. Call 6591234567 ပေါ့ဗျာ...
သူ့ဆိုင်ရာ ဆိုင်ရာ country code လေးတွေတော့ မှတ်ထားပေါ့... ( မြန်မာက 95 .. စင်္ကာပူက 65 .. အင်္ဂလန်က 44 စသဖြင့်ပေါ့..)
ဥပမာအနေနဲ့ နံပါတ်တွေရေးပေးထားတာပါ.. ဒီနံပါတ်တွေက ရှိရင် ရှိမယ်.. တိုက်ဆိုင်သွားရင်လည်း ဥပမာအနေနဲ့ ဖော်ပြမိတာကို ခွင့်လွှတ်ကြပါ...

ဒါကို ဒီလိုဖုန်းသရဲလုပ်ဖို့ လုပ်နိုင်သလို.. တစ်ဖက်ကလူကို Online ပေါ်တက်စေချင်ရင်လည်း သုံးနိုင်တာပေါ့..
ဒါပေမယ့် ကြိုတော့ ဇာတ်တိုက်ထားပေါ့...
ငါနင့်ကို ဒီ TringMe နဲ့ သုံးခါဆက်တိုက်ခေါ်မယ်... အဲ့ဒါဆိုရင် ငါ့ကို online ပေါ်ကို အမြန်ဆုံးချက်ချင်းလာတွေ့ဆိုတဲ့ အဓိပ္ပါယ်လို့ မှတ်ထားပေါ့... ဒါမျိုးလေးတွေပေါ့နော့်...
TringMe ကခေါ်ရင် သိသာတာကတော့ ဖုန်းက နံပါတ်မပေါ်ပါဘူး.. Handphone ကို ခေါ်ရင် Private Number (သို့) Call လို့ပဲ ပေါ်ပါတယ်..
ဘယ်သူက ဘယ်ကနေခေါ်မှန်းလည်း မသိပါဘူး... သူတို့ Website ကတော့ သိမှာပေါ့...
ဒါဆိုရင် Gtalk ကနေ ဖုန်းသရဲလုပ်ချင်ရင်ဖြစ်ဖြစ်..
Online ပေါ်တက်ဖို့ အချိန်းအချက်အနေနဲ့ အခမဲ့ Missed Call ချန်ချင်ရင် ဖြစ်ဖြစ်လုပ်လို့ရပြီပေါ့...
Posted on 9:45 PM by SAINATKHA and filed under | 0 Comments »

Gtalk မှာ zawgyi font ပြင်နည်း



Gtalk မှာ ဇော်ဂျီနဲ့ ရေးမယ်ဆို zawgyi font n keyboard install လုပ်ပြီးသားဖြစ်ရမည့်အပြင် မိမိ နဲ့ အပြန်အလှန် ချတ်သူမှာလည်း ရှိနေရပါမယ်။
ရှိထားပြီ ဆိုရင်တော့ လွယ်ပါတယ်။ နည်းနည်း ပြင်လိုက်ရုံဘဲ။

Gtalk ရဲ့ setting/general/change font/zawgyi/ok ပြီးပြီဗျာ။ မြန်မာလိုချတ်တော့ ပိုပြီး စုံစစေ့စေ့ ပြောလို့ ကောင်းတာပေါ့။


Photobucket

Photobucket
Posted on 11:34 AM by SAINATKHA and filed under | 0 Comments »

စက်တလုံးထဲတွင် Gtalk Account များစွာဖွင့်နိုင်ရန်


၁. Start Menu
၂. Programs ထဲက(သို.မဟုတ်) Desktop ပေါ်က
၃. Google talk မှာ right click နှိပ်
၎. Properties ရွေးပါ။
၅. Shortcut Tab ကိုရွေးပါ။
၆. Target box မှာ အောက်ပါ စာသားရဲ့ နောက်ဆုံးက /startmenu ကို ဖျက် /nomutex ပြောင်းရိုက်ပါ။

"C:\Program Files\Google\Google Talk\googletalk.exe" /nomutex
Posted on 10:59 PM by SAINATKHA and filed under | 0 Comments »

Gtalk တွင် ဘာသာပြန်စနစ် ထည့်သွင်းနည်း





Gtalk မှာ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာ
ပြန်ပေးတဲ့စနစ်ပါ။Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots
တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English
to Spanish ဆိုရင် en2es )ကိုအသုံးပြုထားပါတယ်။Bots တွေကို အသုံးချနည်းကတော့
Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်စာလုံးက
နေ စပိန်စာလုံးပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။
စပိန်စာလုံး
ကနေအင်္ဂလိပ်စာလုံးပြောင်းချင်တယ်ဆိုရင် es2en@bot.talk.google.com ကို
invite လုပ်ပါ။Onilne ပေါ်သို.ချက်ချင်းရောက်လာပါလိမ့်မည်။
ပြီးရင် အဲဒီ bots ဆီကို ကိုယ်
ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်
ပေးပါလိမ့်မယ်။ ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello
ကို စပိန်လို Hola လို့ ပြန်ပြပါလိမ့်မယ်။
အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။

Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပေးပါ။

Arabic – English ar2en / en2ar

Bulgarian - English bg2en / en2bg

Czech - English cs2en / en2cs

Danish - English da2en / en2da

German - English de2en / en2de

German - French de2fr / fr2de

Greek - English el2en / en2el

Spanish - English es2en / en2es

Finnish - English fi2en / en2fi

French - English fr2en / en2fr

Hindi - English hi2en / en2hi

Croatian - English hr2en / en2hr

Italian - English it2en / en2it

Japanese - English ja2en / en2ja

Korean - English ko2en / en2ko

Dutch - English nl2en / en2nl

Norwegian - English no2en / en2no

Polish - English pl2en / en2pl

Portuguese - English pt2en / en2pt

Romanian - English ro2en / en2ro

Russian - English ru2en / en2ru

Swedish - English sv2en / en2sv

Chinese - English zh2en / en2zh

Traditional Chinese -Chinesezh-hant2zh / zh2zh-hant

Posted on 2:10 PM by SAINATKHA and filed under | 0 Comments »

GTalkဖွင့်ထားပြီးIdle(လိမ္မော်​ရောင်)ဖြစ်နေအောင်ပြုလုပ်ခြင်း။


GTalkဖွင့်ထားပြီးIdle(လိမ္မော်​ရောင်)ဖြစ်နေတာကိုမြင်ကြပါလိမ့်မယ်။Idle(လိမ္မော်​ရောင်)ဖြစ်နေတဲ့
Gtalkပိုင်ရှင်တွေဟာGtalkဖွင့်ပြီးတနေရာသို.ရောက်နေခြင်းကိုပြောခြင်းဖြစ်ပါတယ်။Idle(လိမ္မော်​ရောင်)
အမြဲတမ်း ဖြစ်လိုပါက http://www.galwaysidle.com/ (ဒီမှာနှိပ်ပါ)Web site သို.သွာရောက်ပြီး Software ကို Download လုပ်ယူနိုင်ပါတယ်။ပြီးရင် Installလုပ်ပါ။ Install လုပ်ပြီးတာနဲ့ Task bar ပေါ်က GTalk Icon ကို ညာဘက်ကလစ် နှိပ်လိုက်ရင် Always Idle,Normal Idle, Never Idle ဆိုပြီး ပေါ်လာပါပြီ။ Always Idle ကိုရွေးလိုက်ရင် ကိုယ်ရဲ့ GTalk Account ဟာ အမြဲတမ်း Idle ဖြစ်နေရော။ သူများတွေကတော့အဟုတ်မှတ်ပြီး ကွန်ပျူတာရှေ့မှာမရှိဘူးလို.ထင်ပါလိမ်.မယ်။
Posted on 9:29 PM by SAINATKHA and filed under | 0 Comments »