Showing posts with label Software. Show all posts
Showing posts with label Software. Show all posts

7 Zip



web site အများစုကနေ download လုပ်ရင် အများအားဖြင့်တော့ .zip file တွေ များပါတယ်။ အခုနောက်ပိုင်း .rar format တွေလည်း များလာတယ်။ တစ်ခါတစ်လေ အခန့်မသင့်ရင် .tar, .bz, .gzip စသဖြင့် ရလာတတ်တယ်။ extract လုပ်ဖို့ software အဆင်သင့် ရှိမနေရင် တော်တော် စိတ်ညစ်ရပါတယ်။

အခု 7-zip ဆိုတဲ့ software ရှိတော့ winzip တွေ winrar တွေကို မေ့ထားလိုက်လို့ ရပြီ။ 7-zip က GNU လိုင်စင်ဆိုတော့ winzip, winrar တို့လိုမျိုး crack ရှာမရမှာ စိတ်ပူစရာ မလိုတော့ဘူး။ ဒီ software နဲ့ extract လုပ်နိုင်တဲ့ file format တွေကတော့ 7z, ZIP, GZIP, TAR, BZIP2, RAR, CAB, ARJ, Z, CPIO, RPM, DEB, LZH, SPLIT, CHM တို့ ဖြစ်ပါသတဲ့။ ပြီးတော့ 7z, zip, gzip, tar, bzip2 စတဲ့ file format တွေကို archive လုပ်လို့ ရပါတယ်။

ကဲသင်တန်းမှာသင်ပေးတဲ့ Winzip,Win RaR ထက်ကောင်းနေမှတော့ ဒီ Software ကိုသုံးချင်နေမှာပေါ့။
အောက် Download ပေးထားပါတယ်။ဆွဲလိုက်ပါအုံး။

Link: 7 Zip Download
Posted on 10:18 PM by SAINATKHA and filed under | 0 Comments »

ခြင်ပြေးစေတဲ့ Anti_Mosquito


ပေါက်ကရထွက်လဲထွက်နိုင်တယ်။ခြင်ပြေးစေတဲ့ Software လေးပါ။သူကိုသုံးမယ်ဆိုရင်တော့မိမိကွန်ပျူတာ
မှာ စပီကာရှိဖို.လိုပါလိမ့်မယ်။ဒီ Software ကခြင်တွေမခံနိုင်တဲ့အသံကိုထုတ်ပေးတာဆိုတော့ ခြင်သေတယ်
လို.တော့ပြောတာပဲ။ကဲ..ကွန်ပျူတာကိုဖွင့်လိုက်တော့ ခြင်သေတွေကိုတွေ.ရပြီပေါ့..အဟီး။
အောက်မှာ Downlaod ပေးထားပါတယ်။

Link : Anti_Mosquito Download Here !


Posted on 9:22 PM by SAINATKHA and filed under | 0 Comments »

Total Video Converter


ဒီ Software လေးကတော့ MP3 MP4 အပြင်တခြား File မျိုးစုံကို Converter လုပ်နိုင်ပါတယ်။

Image Hosting by Picoodle.com

သူ့ရဲ့ ဘယ်ဘက်အောက်က New task ဆိုတာလေး နှိပ်ပြီး မိမိ ပြောင်းချင်တဲ့ ဖိုင်ကို Import လုပ်နိုင်သလို ...
Image Hosting by Picoodle.com

Draw and Drag နည်းနဲ့လည်း Import လုပ်နိုင်ပါတယ်။
Image Hosting by Picoodle.com

ပြောင်းချင်တဲ့ဖိုင်ကို Import လုပ်ပြီးပြီဆိုရင်တော့ export file type ရွေးပေးပေါ့။ ဖုန်းနဲ့ ပြန်သုံးချင်တဲ့လူက 3GP ကို ရွေးပေးနိုင်ပါတယ်။(ဖုန်းအမျိုးအစား အားလုံးလိုလိုက 3GP supported ရှိပါတယ်)အခြားဖိုင်အမျိုးအစားတွေကိုလည်း တွေ့မှာပါ။ swf နဲ့ ပြန်ထုတ်ပြီး flash နဲ့ ပြန်သုံးလို့ရသလို၊ flv နဲ့ ထုတ်ပြီး file size ကို လျှော့ချနိုင်ပါတယ်။
Image Hosting by Picoodle.com

audio အနေနဲ့ ထုတ်မယ်ဆိုရင်တော့ တွေ့တဲ့အတိုင်းပဲပေါ့ ။ MP 3 တင်မက အခြားဖိုင်မျိုးစုံလည်း တွေ့ပါလိမ့်မယ်။ မိမိ လိုချင်တာကို နှိပ်ပေးလိုက်ရုံပါပဲ။
Image Hosting by Picoodle.com

မိမိပြောင်းချင်တာ ရွေးပြီးရင် Convert Now ဆိုပြီး နှိပ်ပေးလိုက်တာနဲ့ သူ့ဘာသာ ပြောင်းသွားလိမ့်မယ်။ save မယ့်နေရာကို သူ့ဘာသာ သတ်မှတ်သလို၊ မိမိထားချင်တဲ့နေရာပြောင်းပေးလို့လည်းရတယ်။ Converting Complete ဖြစ်တာနဲ့ သိမ်းထားတဲ့ နေရာက folder ပွင့်လာမှာပါ။

Link:
Download Mirror : Mediafire
Posted on 10:21 PM by SAINATKHA and filed under , | 0 Comments »

Audio Cutting


ကျနော် ကြိုက်တဲ့ ဆော့်ဝဲလေး တစ်ခုတွေ့ထားတယ်။ လွယ်တယ်၊ file type စုံတယ်၊ ပေါ့ပါးတယ်။ Audio Cutter ကို ဘာလုပ်ဖို့ သုံးမှာလဲ မသိသေးတဲ့သူတွေအတွက် နည်းနည်းပြောပြမယ်နော်။ ၀င်းဒိုး အတက်၊အကျ၊ နဲ့ အသံမျိုးစုံကို မိမိကြိုက်တဲ့သီချင်း (သို့) စကားပြောသံတစ်ခုခုနဲ့ အစားထိုးလို့ ရသွားမယ်လေ။ ဥပမာ - ၀င်းဒိုးတက်လာရင် တဒေါင်ဒေါင်နဲ့မြည်တဲ့နေရာမှာ ကိုးရီးယားမင်းသမီး အသံလေးဆိုရင်ရော .. ။ အများကြီးလုပ်လို့ရပါသေးတယ်။ Gtalk ရဲ့အသံတွေကိုရောပေါ့ (Gtalk ခေါ်သံတွေပြောင်းတာ မသိသေးရင် နောက်ပို့စ်မှာ ရေးပေးပါ့မယ်)။ ပြီးတော့ အခုတောင်းသလို Phone Ring Tone ။ စိတ်ဝင်စားမယ်ထင်ပါတယ်။ စမ်းလုပ်ကြည့်ကြတာပေါ့။

Screenshots :



run လိုက်ဗျာ သုံးမျိုးပါလိမ့်မယ်။ Converter, Cutter, Recorder ပေါ့။ အဲဒီမှာ Converter ကို ဖွင့်ဖို့ ကီးတောင်းလိမ့်မယ်။ ကီးဂျန်ထဲက ကူးထည့်ပေးလိုက်။

Cutter ကိုပဲဖွင့် step 1 အနေနဲ့ Select a file ဆိုတာကို တွေ့လိမ့်မယ်။ Browse ကို နှိပ်ပြီး မိမိ edit လုပ်ချင်တဲ့ ဖိုင်ရှိတဲ့နေရာကို ရွေးပေး။ အဲဒီမှာ ကိုယ်ရွေးမယ့်ဖိုင်က mp3 ဆိုရင် file type မှာ mp3 ရွေးပေးထားမှ ပေါ်မှာဖြစ်ပါတယ်။ (မမြင်မှာစိုးလို့ ပြောရတာပါ)

Image Hosting by Picoodle.com

step 2 က output format ရွေးပေးပေါ့။ windows sound အတွက်နဲ့ Gtalk အတွက်က wav ဖိုင် ဖြစ်ရပါမယ်။ ဖုန်းအတွက်ဆိုရင်တော့ ကိုယ့်ဖုန်းနဲ့ အသင့်တော်ဆုံး ကိုရွေးပေါ့။

Image Hosting by Picoodle.com

step 3 က နေရာသတ်မှတ်ပေးပေါ့။ စမှတ် ဆုံးမှတ်တွေကို တွေ့ပါလိမ့်မယ်။ ဘယ်နားကနေ ဘယ်နားထိ ဖြတ်မလဲပေါ့။ သူ့အောက်မှာ အစမ်းနားထောင်ကြည့်ဖို့အတွက် play ခလုပ်ပါပါတယ်။

Image Hosting by Picoodle.com

စိတ်ကြိုက်ဖြစ်ပြီဆိုရင် Cut ကိုသာနှိပ်ပေးလိုက်ပါ။ ခဏလေးပဲကြာပြီး ဖြတ်ပြီးသားဖိုင် ရှိတဲ့ ၀င်းဒိုး ပွင့်လာပါလိမ့်မယ်။
Image Hosting by Picoodle.com

Recorder နဲ့ Converter တွေအတွက်တော့ ပြောစရာလိုတော့မယ် မထင်ပါဘူး။ သုံးတတ်မှာပါ။ ၀င်းဒိုးအသံကို မပြောင်းတတ်သေးတဲ့သူတွေ ရှိမယ်ထင်တယ်။ Control Panel ထဲသွား၊ Sound and Audio Devices ဆိုတာကိုနှိပ်ပြီး သူ့ရဲ့ Sound ဆိုတဲ့ tab မှာ ကြည့်လိုက်ပါ။ ၀င်းဒိုးရဲ့အသံတွေကို အောက်ကအတိုင်း တွေ့လိမ့်မယ်။ ၀င်းဒိုး စတက်တဲ့အသံက Windows Start ပေါ့။ လက်ရှိသုံးထားတဲ့အသံကို စမ်းနားထောင်ကြည့်၊ ပြောင်းချင်တယ်ဆိုရင် Browse ကိုနှိပ်ပြီး ခုနက ဖြတ်ထားတာကို ရွေးပေးလိုက်။ ကျန်တာတွေကိုလည်း ဘယ်ကောင်က ဘာဆိုတာ မသိရင်တောင် အသံတွေ လိုက်နားထောင်ကြည့်ပြီး ပြောင်းပေါ့။ (အများကြီးပြောနေရမှာစိုးလို့ လွယ်သလိုပြောလိုက်တာပါ)
Image Hosting by Picoodle.com


Link:
Download Mirror : Mediafire (Ease Audio V-3.7)
အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။

Posted on 10:08 PM by SAINATKHA and filed under | 0 Comments »

Kaspersky® Anti-Virus 2010+Keys

Kaspersky 2010 တွေ ထွက်နေတာကြာပြီဗျ .. ကီးတွေက အဆင်မပြေလို့ မတင်ဖြစ်သေးပဲ ဖြစ်နေတာ။
အခု ကီးထည့်နည်းပါ ပြောပြသွားပါ့မယ်။ ဘာတွေထူးခြားတယ်၊ ဘာတွေကောင်းလာတယ်တော့ ကြော်ငြာမနေချင်ဘူး .. ရေးရပျင်းလို့(ကြော်ငြာခ မရတာလည်းပါတယ်) ။ သိချင်တဲ့လူတွေက အောက်ကလင့်မှာ သွားဖတ်ကြည့်လိုက်ပါ။

Kaspersky® Anti-Virus 2010




Download From Mediafire (KAV 2010+key)

Download From Mediafire (Kaspersky Keys[19.7.09])
သူက အရင် version တွေလိုမဟုတ်ဘူးဗျ။ Activation Code ဆိုပြီး အရင်တောင်းလိမ့်မယ်။ အောက်က code တွေ အကုန်ကူးထည့်ပေးလိုက်။ ဒေါင်းလုပ်ဖိုင်ထဲမှာလဲ sn ဆိုပြီး ထည့်ပေးထားပါတယ်။

BR64D-DPWME-41E31-XDMY4

အဲဒါထည့်ပြီး Next နှိပ်ပေးလိုက်ပါ။
Image Hosting by Picoodle.com
အောက်ကအတိုင်း message box ပေါ်လိမ့်မယ်။ OK သာနှိပ်ပေးလိုက်။
Image Hosting by Picoodle.com
အဲဒါဆိုရင်တော့ အရင် Version တွေအတိုင်း ကီးဖိုင်တွေ ယူထည့်လို့ရတာတွေ့ပါလိမ့်မယ်။ အဲဒီဒေါင်းလုပ်ဖိုဒါ ထဲမှာလဲ ထည့်ပေးထားပါတယ်။ ကီးကိုတော့ 2009 တွေရဲ့ ကီးသာ ယူသုံးကြည့်။ အဆင်ပြေပါတယ်။ အခြို့ တစ်နှစ်ကျော်လောက်ထိရပြီး အနည်းဆုံးတော့ ရက် ၃၀ activate ဖြစ်နေပါလိမ့်မယ်။

Image Hosting by Picoodle.com

ရသလောက်နဲ့ သုံးထားပေါ့။ နောက်ထပ်တင်ပေးမယ့် ကီးတွေကျရင် ပြောင်းသုံးသွားကြည့် သူ့ဘာသာ အိုကေသွားလိမ့်မယ်။ ကျနော် ပြောနေကျအတိုင်းပဲလေ New Version ဆိုတာ old version မှာတုန်းက အားနည်းခဲ့တာတွေကို ပြန်လည်ဖြည့်စွတ်ဖို့နဲ့ နည်းပညာ သစ်ဆန်းဖို့ပဲ။ သုံးပျော်မှာပါ ...
(အလကားရတာပဲကို နော်..)

Link:
Download From Mediafire (KAV 2010+key)

Link:
Download From Mediafire (Kaspersky Keys[19.7.09])
Posted on 9:50 PM by SAINATKHA and filed under | 0 Comments »

ဘောလုံးလေးနဲ.ကစားမယ်



ဘာရယ်လို.တော့မဟုတ်ပါဘူး။မိမိရဲ. စက်ထဲမှာဘောလုံးလေးတလုံးလောက်ရှိရင်ကောင်းမယ်ထင်တယ်။
ဒါမှဆော့လို.ရမှာလေ။အဲဒီလို ဘောလုံးလေးတလုံးလို.ချုင်ရင်တော့ ဒီမှာ နှိပ်ပြီ Download ချနိုင်ပါတယ်။
ပြီးရင်တေ Install လုပ်ပေါ့။ဘာရယ်လို.တော့မဟုတ်ဘူးအပျင်းပြေတာပေါ့။

Link : Downlaod Fun Ball

Posted on 9:30 PM by SAINATKHA and filed under | 0 Comments »

FREE Hi-Q Recorder


အင်တာနက်မှာ မိမိနားထောင်းနေတဲ့ သီချင်းများ၊အသံများ၊စကားသံများကိုအသံသွင်းလို.လို.ရတဲ့
Software လေးတခုပါ။လိုချင်ရင်တော့အောက်မှာလင့်ပေးထားပါတယ်။Free တော့ Free ပဲ။အသံ
ကောင်းပါတယ်။ဒီထက်ပိုကောင်းစေချင်တယ်ဆိုရင်တော့ပိုက်ပိုက်သွင်းရမှာပေါ့။ဟဲ..ဟဲ။စမ်းကြည့်ပါဦး။

Link :
Download free-sound-recorder
Posted on 10:10 PM by SAINATKHA and filed under | 0 Comments »

LANVisor အသုံးပြုနည်း



…Internet တပ်ဆင်ထားသော ရုံးများတွင် Computer ဖြင့် အလုပ်လုပ်သူများ ၊ စာသင်ခန်းများ တွင် Computer သုံးရသူများ အပြင် Internet Cafe များတွင် Computer သုံးစွဲသူများသတိထားရန်…

…မိမိသုံးစွဲနေသော Computer ပါဝင်သည့် Local Network (ဥပမာ…ရုံး၊ စာသင်ခန်း၊ Internet Cafe) အတွင်း၌ Computer အားလုံးကို Control လုပ်နိုင်သော Main Server Computer တစ်လုံးပါဝင်နိုင်ပါသည်။ ၄င်း Main Computer မှ အခြားသော Computer များကို မြင်နိုင်၊ ကြည့်နိုင်သော လွယ်လွယ်ကူကူ Software များရှိပါသည်။ထိုအထဲမှ ကျွန်တော်သုံးဖူးသောနည်းကို ဖော်ပြပေးထားပါသည်။ ထိုနည်းအသုံးပြုရန် တစ်ခြား Computers များ၏ Computer Name သို့မဟုတ် Local IP address ကိုသိရန်လိုသည်။ ကျွန်တော်အတွေ့အကြုံအရ IP address နှင့် အသုံးပြုတာ ပိုအဆင်ပြေပါသည်။ Local IP address ကို သိနိုင်ရန်အတွက် ကျွန်တော် Blog တွင်ဖော်ပြထားသော Network Magic Software ကို သုံးနိုင်ပါသည်။ ထို့ကြောင့် Network Magic အရင် Install လုပ်ထားဖို့လိုအပ်ပါသည်။…
…တစ်ခြား Computers များကို ကြည့်မြင်နိုင်တဲ့ Softwares တွေထဲမှ တစ်မျိုး ကတော့ LANVisor ဖြစ်ပါသည်။

Software Download Link(ဒီနေရာမှာကလစ်နှိပ်ပါ)


…Zip သို့ Exe file ကို Download လုပ်ပြီး Install လုပ်ရပါမည်။ Install လုပ်ရာတွင် Client နှင့် Server နှစ်မျိုး ရှိပါသည်။ Main Server Computer ဖြစ်သော မိမိ Computer တွင် Server ကို Install လုပ်ပါ။ အောက်ပါပုံအတိုင်းဖြစ်ပါသည်။

…တစ်ခြား Computers များတွင် Client ကို Install လုပ်ပါ။ အောက်ပါပုံအတိုင်းဖြစ်ပါသည်။


…Client Computers များတွင် LANVisor Install ကို မမြင်ရအောင် အောက်ပါအတိုင်း Hide လုပ်ပြီး Install လုပ်၍ Application ကို Run ပါ။ တစ်ခြား Client Computers များတွင် လည်း ထိုအတိုင်း ဆက်လုပ်ပေးပါ။


…ပြီးလျင် မိမိ၏ Server Computer မှ Install လုပ်ထားသော Network Magic ဖွင့်ကြည့်၍ တစ်ခြား Computers များ၏ Local IP address များကို မှတ်သားထားရပါမည်။ ထို့နောက် Install လုပ်ပြီးသွားသော LANVisor ကိုဖွင့်ကြည့်လျင် အောက်ပါပုံမျိုးကိုတွေ့ရပါမည်။


…ထို LANVisor window ၏ Menu Bar မှ Setting ၊ ထိုမှတဆင့် Client Manger ကိုသွားလျင် အောက်ပါပုံကိုတွေ့ရပါမည်။


…ထို window မှတဆင့် Add လုပ်လျင် အောက်ပါပုံအတိုင်း တက်လာပါမည်။


…ထို Add new client တွင် Computer name မရွေးပဲ IP address ကို Select လုပ်၍ Network Magic ဖြင့်တွေ့မြင်ရသော တစ်ခြား Client Computers များ၏ IP address များကို ရိုက်ထည့်ပေးရပါမည်။ ပြီးလျင် Add လုပ်ရပါမည်။ Computer တစ်လုံးစီ လုပ်ပေးရမည်ဖြစ်ပြီး နောက်ဆုံး OK ကို Click လုပ်လိုက်လျင် အောက်ပါပုံကိုတွေ့မြင်ရပါမည်။


…ထို့နောက် Play သင်္ကေတဖြစ်သော Start Client ပဲဖြစ်ဖြစ် Start All Client ပဲဖြစ်ဖြစ် Click လုပ်လိုက်လျင် တစ်ခြား Computers များ မည်သို့လုပ်နေလဲ၊ မည်သည့် Website များကြည့်နေလဲ ဆိုတာတွေ့မြင်ရပြီဖြစ်ပါသည်။


…Computer တစ်လုံးစီကို Full Screen ကြည့်ရန်သော်လည်းကောင်း၊ Screen Shot လုပ်ရန်သော်လည်းကောင်း Right Click လုပ်၍ ကြည့်နိုင်ပါသည်။
…ဒီ LANVisor Software ကို ရုံး၊ ကျောင်း စသည်များတွင် Network Computers သုံးရသူများ သတိထားသုံး၍ ရအောင်ဖော်ပြပေးလိုက်ပါသည်။
Posted on 10:18 PM by SAINATKHA and filed under | 0 Comments »

Timer နှင့် Shutdown


Computer,Monitor စသည်တို့ကို Timer နှင့် Shutdown လုပ်နိုင်ရန်အတွက် လွယ်ကူ၍ ကျွန်တော်သုံးစွဲနေသော Software လေးတစ်ခုဖော်ပြပေးထားပါသည်။အချိန်ကို Setting လုပ်ပြီး Shutdown လုပ်မလား၊Restart လုပ်မလား၊ ရွေးပေးယုံ ပါပဲ။ ပြီးလျင် Minimize လုပ်ထားပြီး သတ်မှတ်ထားသော အချိန်ရောက်လျင် Shutdown ကျသွားပါလိမ့်မည်။ ညအိပ်ရာဝင်ချိန် သီချင်းနားထားရင်းပဲဖြစ်ဖြစ်၊ တစ်ခြား Loading တစ်ခုခုလုပ်ထားလို့ပဲဖြစ်ဖြစ် စောင့်နေစရာမလိုပဲ သုံးနိုင်ပါသည်။

Link : Download Now
Posted on 10:10 PM by SAINATKHA and filed under | 0 Comments »

Screen Capture

2.6 MB ပမာဏရှိတဲ့ အခမဲ့ Free Screen Capture software လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ Window's Vista, XP နဲ့ 2000 တွေမှာ အသုံးပြုနိုင်ပါတယ်။ အလွယ်တကူ နှိပ်ပြီး သုံးလို့ရတဲ့ Keyboard က Print Screen ခလုတ်ထက်တော့ အများကြီး အသုံးတည့်ပါတယ်။ Software ရဲ့ easycapture_setup.exe ဖိုင်ကို ဒီကနေ Download လုပ်ယူပြီး Run လိုက်ယုံပါပဲ။
Posted on 4:06 PM by SAINATKHA and filed under , | 0 Comments »

Internet Download Manager (Full Version)



သင်တန်းမှာသင်တဲ့ IDM Software က ၁၅ရက်လောက်ပဲသုံးလိုရတယ်။C boxမှာမေး
ထားလို.တင်ပေးလိုက်ပါတယ်အခု Software ကပိုလွယ်တယ်။ကလစ် နှိပ်လိုက်တာနဲ.
Download စဆွဲလိုရပါတယ်။Level-2 ကသင်တန်းသား/သင်တန်းသူတွေအတွက်ပါ။
အောက်မှာလင့်ပေးထားပါတယ်။Download ဆွဲလိုက်ပါဦး။

Link: Internet Download Manager (Full Version) Download ဆွဲရန်



Posted on 9:47 PM by SAINATKHA and filed under | 0 Comments »

Website တခုလုံး Download ဆွဲခြင်း။


Website တခုလုံး Download ဆွဲတော့မယ်ဆိုရင်အရင်ဦးဆုံး Httrack Software ကို
Downloadဆွဲရပါလိမ့်မယ်။ဒီနေရာမှာHttrackကလစ်နှိပ်ပြီးDownlaodဆွဲရပါလိမ့်မယ်။
Downlaod ဆွဲပြီးပါကရလာသော File ကိုကလစ်နှိပ်ပြီး Install လုပ်ပေးပါ။မိမိစက်ထဲ
install ပြီးပါက Internet Explorer (IE) ကိုဖွင့်ပြီးမိမိ Download ဆွဲလိုသော
Website Address ကိုဖွင့်ပါ။ Httrack ကို Desktopမှာရှာပြီးဖွင့်ပါ။

1.Box ကျလာပါက Ok နှိပ်ပေးပါ။
2.Proxy နေရာမှာလဲ Ok နှိပ်ပါ (Server သုံးထားပါကIp Address ရိုက်ထည့်ပေးရပါလိမ့်မည်)။
3.Next ဆက်နှိပ်ပေးပါ။

4.Project name တွင်မိမိ Downloadဆွဲခဲ့သော Website name ကိုရိုက်ထည့်ပေးပါ။
5.Project category တွင် မိမိ Downloadဆွဲခဲ့သော Website name ကိုရိုက်ထည့်ပေးပါ။
6.Base path နေရာတွင်မိမိ Website သိမ်းမဲ့Folderနေရာကိုညွှန်းပေး
ရပါလိမ့်မယ်။(အရင်ဦးဆုံး New Folder တည်ဆောက်ထားပါ)
7.Next ဆက်နှိပ်ပါ။

8.Action နေရာတွင် Download Web site(s) ကိုရွေးပါ။
9.Web Address (URL) တွင် Add URL ကိုနှိပ်ပြီး မိမိ Download ဆွဲမယ် Website Address ကိုရိုက်ထည့်ပေးပါ။Ok နှိပ်ပါ။
10.Next ဆက်နှိပ်ပါ။

11.Remote Connect နေရာတွင် Do not Connect to a Provider (already Connected) ကိုရွေးပေးပါ။
12.Disconnect When Finished မှာအမှတ်ဖြုတ်ပါ။
င်္13.Finish နှိပ်ပါ။Downlaod စတင်ဆွဲပါလိမ့်မည်။ဘယ်လောက်ကြာမယ်ဆိုတာမိမိဆွဲတဲ့ Website မှာမူတည်ပါတယ်။

14.ကြာကြာဆွဲနိုင်လေများများရလေပဲ။ပြီးတယ်ဆိုတာမရှိဘူး။လုံလောက်ပြီလိုထင်ရင် ထိပ်ကပိတ်ပေးပါ။

15.မိမိသိမ်းခဲ့သော New Folder မှာရှိသော Index ကိုနှိပ်ပြီပြန်ကြည့်နိုင်ပါတယ်

16.မိမိပေးခဲ့သောနာမည်ကိုရှာနှိပ်ပါ။ပြန်ကြည့်နိုင်ပါပြီ။

လိုအပ်တာများရှိခဲ့လျှင် sainatkha@gmail.com သို.မေးမြန်နိုင်ပါသည်။
Posted on 11:45 PM by SAINATKHA and filed under | 0 Comments »