ကျူရှင်ဆရာ ကပိုဆိုးတယ်

အော်...ဆရာလုပ်ရတာမလွယ်ပါလား။
ဆရာလုပ်တဲ့လူတိုင်းခံစားဖူးကျပါ
လိမ့်မယ်။ကိုယ်တိုင်လည်းခံဖူးတယ်။ဆရာကတော့တပည့်နားလည်ပါစေ
တော့ဆိုပြီးသင်ပြပေး။သူတို.ကတော့နောက်ကနေလုပ်ချင်တာလုပ်တာ....
ITဆရာလုပ်ရတာရိုးရိုးဆရာထက်ဆိုးတယ်

ဆရာရယ် အိုင်တို့ ကျူရှင်ဆရာတွေပိုဆိုးသေးတယ်
ဆရာတို့က စာသင်ချိန်လေးပဲ
အိုင်တို့ ကြတော့နားချိန်ဆိုလည်းနားလို့မရ
အလိုက်မသိတဲ့ မိဘတွေက သူတို့ ကလေးတွေအကြောင်းပြောရင်ထိုင်နားထောင်ပေးရ
တချို့များ ၁နာရီ၂နာရီကြာတယ် စကားပြောကြတာ
ပြီးတော့ အိုင်တို့က စာသင်ရုံနဲ့မရ စာမေးပွဲက လည်းစစ်ပေးရသေးတယ်
စာမေးပွဲတစ်ခါစစ်ရင် ပိုက်ဆံကုန်ရုံတင်မက အချိန်က ၂ ဆပေးရသေး
ဒီကြားထဲ သူတို့ က ပေါက်ကရရေးရင်ကိုယ်မှာ ကိုယ်သင်တာနားမလည်လို့လား ဆိုပြီး စိတ်ညစ်ရ
ဆရာက ဆိုးတဲ့သင်တန်းသူ။သားမျက်နှာတွေကို ၂။၃ပတ်လောက်ပဲကြည့်ရတာ
အိုင်တို့က ၁နှစ်လုံး ကြည့်ရတာ ကြာတော့ လည်း သံယောဇဉ်ဖြစ်ပြီး ဆိုးတဲ့သူလည်းဆိုးလို့ စိတ်ပူရ။
 တော်တဲ့ သူလည်းတော်လို့ချစ်ရနဲ့ရင်မောရပါတယ်စာမေးပွဲနားနီးလာပြီဆိုရင်လည်း ကလေး
တွေကအေးအေးဆေးဆေးပဲ အိုင်ကသာ သူတို့အစားစိတ်ပူပြီး ဘီစကစ်ဆိုရင်မော့ ကောက်ဖီခွက်ကိုကိုက်
ဖြစ်လို့ဖြစ် သွားတိုက်ရင်လည်း သွားတိုက်ဆေးတွေကိုလည်း ပလုတ်မကျင်းပဲ နေမိလို့နေ
ဆရာတို့ကို ဘယ်မိဘမှ ကျွန်မသား။သမီးလေးကို အင်တာန့က် မတက်တတ်အောင်
သင်ပေးပါဆိုပြီး မပူဆာကြပါဘူးအိုင်တို့ကသာ အမျိုးမျိုးနားပူခံရတာ။ အိုင်တို့မှာ ဒီဒုက်ခတွေကိုခံစားရတာ။
အောင်စာရင်းထွက် တော့ လည်း ကလေးတွေများကျရင် အိုင်တို့မှာ မျက်ရည်နဲ့မျက်ခွက်။
တော်တဲ့ကလေး ကလည်း ဂုဏ်ထူးအထွက်နည်းရင် အိုင်တို့မှာ စိတ်ဆင်းရဲရသေးတယ်
သူတို့ဘာသာမကြိုးစားကြတာ သူတို့ငိုရင်အိုင်တို့ကပါ စိတ်မကောင်းဖြစ်ရ
ဆရာရဲ့ သိရဲ့လားစာသင်ပြီးတာတောင်မပြီးသေးဘူး။ ........တို့ကလေးတွေလို
ဘာသင်တန်းတက်ရင်ကောင်းမလဲဆိုရင်လမ်းညွှန်ရပြသနာဖြစ်လာတော့လည်း
 "နင့်ကလေးတွေရိုင်းတယ်ဆိုပြီးပြောခံရ"ရှင်းပေးရမပြီးသေးဘူး ဘာuni တက်ရင်ကောင်းမလဲဆိုရင်လည်း
သင့်တာကိုစဉ်းစားပေးရ။ဟူးတကယ်မလွယ်ပါဘူးနော်။
Posted on 3:55 PM by SAINATKHA and filed under | 0 Comments »