Online ဟာသ(၃)


တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။

မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်

ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...

ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..

တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....

"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။

ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။

ပင့်ကူက ဒေါသတကြီး
"မင်း ကြာလှချည်လား? အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက "ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ" ဟူတည်း။
Posted on 10:31 PM by SAINATKHA and filed under | 0 Comments »