စိတ်ရှည်တယ်နော်

အသက်၆၀ ကျော် အဖိုးကြီးများကိုသင်သော ကွန်ပြူတာခန်းတစ်ခုတွင် Microsoft Word ကို စသင်ရာ…

"စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ။ E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key ပါ…တွေ့ပြီလားခင်ဗျာ…မတွေ့သေး
ရင်…Right Shift Key ရဲ့ အပေါ်မှာပါ…Back Space ရဲ့ အောက်မှာပါ…Keyboard ရဲ့ ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ…တွေ့ပြီလား ခင်ဗျာ…"

ဒါကို အဖိုးကြီးတစ်ယောက်က Enter Key ကို လက်ညှိုး ထိုးပြပြီး…

"ဖိုးသား ဒါကိုနှိပ်ရမှာ လားဟင်…"

စာသင်တဲ့သူက…

"ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ…ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!"
Posted on 12:13 PM by SAINATKHA and filed under | 0 Comments »