ဒါတောင်အားမပါသေးဘူး

ကွန်ပြုတာစာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက် ရိုက်နည်းစသင်မည့် နေ့တနေ့တွင်….

"အားလုံး နားထောင်ပါ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့ ဖောင့်ပြောင်းပြီးရင် Cap Lock Key ကိုပိတ်ရိုက်ရမယ်…ကဲစရိုက်ရအောင်။"

ထိုအချိန်တွင် နောက်ဆုံးကွန်ပြူတာတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ဆီမှ…

"ဖြောင်း!…" ဆိုသောအသံတစ်ခုကြားလိုက်ရာ… သင်တန်းဆရာက ထိတ်လန့်သောအသံဖြင့်…

"ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ…"ကျောင်းသားကပြန်ပြောလိုက်တာကတော့….

"ဆရာဘဲ Cap Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။ ဒါတောင် အားမပါသေးပါဘူး ဆရာ။"
Posted on 12:20 PM by SAINATKHA and filed under | 0 Comments »